Who We’re

မိတ်ဆက်ခြင်း

Pro-Mechanic Maintenance & Engineer service center သည် ကယားပြည်နယ်တွင်တည်ရှိပြီး ဧပြီလ ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ လေအေး ပေးစက် (Air-con)၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရေပူရေအေးစက်၊ CCTV ၊ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ လျှပ်စစ်သွယ်တန်းခြင်း နှင့် အင်တာနက်တပ်ဆင်ခြင်း စသည်တို့အား အိမ်တိုင် ရာရောက် တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား မိတ်ဖက်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ ဝန်ဆောင်မှုပေးနေသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ် ပါသည်။

ကျွန်ုပ်တို့အဖွဲ့သည် မိတ်ဖက်လုပ်ငန်းရှင်များ ၊ ဝယ်ယူသူများအပေါ်လေးစားတန်ဖိုးထားပြီး၊ စံချိန် စံညွှန်း ပြည့်မှီသောဝန်ဆောင်မှုများပေးအပ်သည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ကျွမ်းကျင်သော ပညာရှင်များနှင့်သာ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ကျွနု်ပ်တို့သည် ဒေသခံလူငယ်များနှင့်သာဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူငယ်/ လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းမှုပညာရပ်ဆိုင်ရာသင်တန်းများ ဆောင်ရွက်ပေးသည် နှင့်အညီ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဖန်တီးပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ကျွနု်ပ်တို့သည် မိမိတို့၏ဝန်ထမ်းများအား အထူးဂရုပြုအလေးထားသလို၊ မိမိတို့၏လုပ်ငန်းစဉ် များမှ သဘာဝပတ်ဝန်းထိခိုက်မှုမရှိစေရန်အတွက် အစီအစဉ်များလည်း ထည့်သွင်းဆောင်ရွက် သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ကျွနု်ပ်တို့၏ ရည်ရွယ်ချက်

၁။ လူကြီးမင်းတို့ပိုင်ဆိုင်သည့် လေအေးပေးစက် (Air-con) ၊ ရေခဲသေတ္တာများနှင့် အခြား လျှပ်စစ်သုံးစက်ပစ္စည်းများအား မလိုလားအပ်သည့် ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်နှင့် စက် ပစ္စည်းများ၏မူလကနဦး လုပ်ဆောင်ချက်များကဲ့သို့ အနီးစပ်ဆုံးသက်တမ်းရှည်စွာ အသုံးပြုနိုင် စေရန်နှင့် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရန်။
၂။ လူငယ်/လူရွယ်များ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပညာရပ်များတက်မြောက်လာကာ အလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိစေရန်။
၃။ ကယားပြည်နယ်အတွင်း HVAC (Heating, Ventilation & Air-Condition) ပညာရှင်များ ပေါ်ထွက်လာစေရန်။

ကျွနု်ပ်တို့၏ အနာဂတ်ပုံရိပ်

ကျွနု်ပ်တို့သည်ကယားပြည်နယ်အတွင်းရှိ မိတ်ဖက်များလုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှု ရယူထားသူများအပေါ် လေးစားတန်ဖိုးထားပြီး၊ အရည်အသွေးပြည့်မှီသောဝန်ဆောင်မှုများ ပေး အပ်နေသည့် အဖွဲ့အစည်းတစ်ခုအဖြစ် လူထုမှအသိအမှတ်ပြုလာစေရန်။

ကျွနု်ပ်တို့၏ မျှော်မှန်းချက်

ကျွနု်ပ်တို့သည် မိတ်ဖက်များ၊ ဝန်ဆောင်မှုရယူသူများ၏ စိတ်ကျေနပ်မှုနှင့် လိုအပ်ချက် များအား အမြဲဂရုပြုသုံးသပ်နေပြီး အချိန်တိတိကျကျနှင့် အရည်အသွေးကောင်းမွန် မှန်ကန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်။

ကျွနု်ပ်တို့၏ တန်ဖိုးထားမှု

  • မိတ်ဖက်လုပ်ငန်းရှင်များအား လေးစားတန်ဖိုးထားခြင်း။
  • မိတ်ဖက်လုပ်ငန်းရှင်များအပေါ် ကတိကဝတ်တည်ကြည်ခြင်း။
  • ၀န်ဆောင်မှုတိုင်းသည် အရည်အသွေးပြည့်မှီစေခြင်း။
  • ၀န်ဆောင်မှုတိုင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း။
  • ၀န်ဆောင်မှုတိုင်းသည် အလေအလွင့်နည်းပါးစေခြင်း။